Powered by RND
PodcastsNewsDawei Watch Podcast

Dawei Watch Podcast

Dawei Watch
Dawei Watch Podcast
Latest episode

Available Episodes

5 of 1461
  • မြန်မာ့ရေးရာ
    မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း မြန်မာ့သတင်းရေးရာအစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။ဒီတစ်ပတ် မြန်မာ့ရေးရာအစီအစဉ်မှာတော့ မေလ ၄ ရက်ကနေ မေလ ၁၀ရက်အထိ တစ်ပတ်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေထဲက ထူးခြားဖြစ်စဉ်တွေကို စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။ဒီအစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တင်ဆက်သွားမှာဖြစ်ပါတယ်။
    --------  
    7:53
  • တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ
    ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။ ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ - အမေရိကန် ကာဒီနယ်ကို ပုပ်ရဟန်းမင်းကြီးအဖြစ် ရွေးချယ်- မြောက်ကိုးရီးယာက ပဲ့ထိန်းဒုံးကျည်များကို စမ်းသပ်ပစ်လွှတ်- အိန္ဒိယ-ပါကစ္စတန်ကြား တိုက်ခိုက်မှု အပြန်အလှန် ရှုတ်ချ- ဖင်လန်တိုက်လေယာဉ် ပျက်ကျ၊ လေယာဉ်မှူး ထွက်ပြေးလွတ်မြောက်- ရုရှားနဲ့ ယူကရိန်း အကျဉ်းသား ၂၀၀ ကျော် လဲလှယ်- ကနေဒါက ရောင်းကုန်မဟုတ်ဘူးလို့ ဝန်ကြီးချုပ်က ဒေါ်နယ်ထရမ့်ကိုပြော- အင်္ဂလန်မှာ ကင်ဆာကာကွယ်နိုင်တဲ့ ဆေးစထိုးစတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
    --------  
    6:49
  • မေလ ၉ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်
    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့- လေကြောင်းပစ်ကူပေးနေတဲ့ကြားက ထီးခီးနယ်စပ်စခန်းကို စစ်ကောင်စီလက်လွတ်လိုက်ရတဲ့သတင်း- RFA မြန်မာပိုင်းအစီအစဉ် လုံးဝရပ်နားလိုက်ပြီလို့ ကြေညာလာတဲ့သတင်း- ထားဝယ်မှာ ကွမ်းသီးခြောက်ဈေး အမြင့်ဆုံးရောက်လာအကြောင်း- အိန္ဒိယဒရုန်း ၂၅ စီးကို ပစ်ချနိုင်ခဲ့တယ်လို့ ပါကစ္စတန်ပြောဆိုတဲ့သတင်းနဲ့- ရွှေနဲ့ဘတ်ဈေးသတင်းစတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
    --------  
    9:52
  • တစ်ပတ်အတွင်း တနင်္သာရီသတင်းအစီအစဉ်
    ယခုအပတ် တနင်္သာရီ သတင်းအစီအစဉ်တွင် • စစ်ကောင်စီတပ်သားတွေက စားဆီတစ်ဘူးအတင်းသောက်ခိုင်းတဲ့ အမျိုးသမီးသေဆုံးသွားတဲ့အကြောင်း• ကျွန်းစုမှာ သတ္တုလုပ်ကွက်တိုးချဲ့ဖို့ ကျပ်ငါးသိန်းပေးပြီး နေအိမ်တွေအဓမ္မဖယ်ခိုင်းနေပေမယ့် ဒေသခံတွေ လက်မခံတဲ့အခြေအနေ• သရက်ချောင်း လေကြောင်းတိုက်ခိုက်မှု အရပ်သားနှစ်ဦးသေဆုံးတဲ့ သတင်းတွေ အပါအဝင် တစ်ပတ်အတွင်း သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။• ဒါ့အပြင် “ခေတ်ဆိုးချိန် တနင်္သာရီက မိုးဦးကျ သတ္တုမှိုတွင်းတွေ”အကြောင်း အထူးသတင်းပေးပို့ချက်တွေကို တင်ဆက်ထားပါတယ်။ DVB စလောင်း(ဂြိုဟ်တုရုပ်သံလိုင်း)တွင် ထုတ်လွှင့်နေသည့် တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို Dawei Watch ပရိသတ်များအတွက် အင်တာနက်ပေါ်တွင် ကြည့်ရှုနိုင်ရန် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်။ Dawei Watch ၏ တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို DVB စလောင်းတွင် အပတ်စဉ် ကြာသပတေးနေ့တိုင်း နေ့လယ် ၂ နာရီ ၁၅ မိနစ်တွင် လည်းကောင်း၊ ထပ်မံပြန်လွှင့်ချက်ကို ညနေ ၅ နာရီ ၃၀ မိနစ်တွင် လည်းကောင်း စောင့်မျှော်ကြည့်ရှုနိုင်ပါသည်။
    --------  
    15:00
  • မေလ ၈ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်
    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့- စစ်ကောင်စီတပ်လက်နက်ကြီးကြောင့် ထားဝယ်ရှမ္မတွင်းရွာမှာ ကလေးတစ်ဦးသေပြီး တစ်ဦးဒဏ်ရာရတဲ့သတင်း- တနင်္သာရီ ညောင်ပင်ကွင်းရွာအနီးကပ်တိုက်ပွဲမှာ နှစ်ဖက်ထိခိုက်မှုရှိတဲ့သတင်း- စစ်ကောင်စီရေတပ်က လက်နက်ကြီးနဲ့ပစ်နေလို့ ရေဖြူက နတ်ကြီးစင်ရွာသားတွေ ထွက်ပြေးနေရတဲ့ အခြေအနေ- စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်နေ‌လို့ ပြည်ကြီးမဏ္ဍိုင်မြို့ခံအားလုံးနီးပါးတိမ်ရှောင်နေရတဲ့အကြောင်း- ရေး-ထားဝယ်လမ်းပိုင်းမှာ အမျိုးသားတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ခြေတစ်ဖက်ဆုံးရှုံးသွားတဲ့အခြေအနေ- ကျိုက်ထိုမှာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်နေလို့ ဒေသခံတစ်သောင်းလောက် စစ်ဘေးရှောင်နေရတဲ့အကြောင်း စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
    --------  
    8:10

More News podcasts

About Dawei Watch Podcast

တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။
Podcast website

Listen to Dawei Watch Podcast, In The News and many other podcasts from around the world with the radio.net app

Get the free radio.net app

  • Stations and podcasts to bookmark
  • Stream via Wi-Fi or Bluetooth
  • Supports Carplay & Android Auto
  • Many other app features
Social
v7.18.1 | © 2007-2025 radio.de GmbH
Generated: 5/12/2025 - 3:06:43 PM